Print

ဗီတာမင်ကေရနိုင်သည့် အစားအစာများနှင့် နည်းလမ်းများ

  08-Apr-2017
Preview Image

 ဗီတာမင်ကေကို ပန်းဂေါ်ဖီစိမ်း (Broccoli)၊ ဆလတ်ရွက် (Dark Lettuce)၊ တရုတ်မုန်လာ (Turnip) စသည့် အစိမ်းရောင်ဟင်းသီးဟင်းရွက်များမှ အများအပြား ရရှိနိုင်ပါသည်။  ဟင်းရွက်စိမ်း ၁၀၀ ဂရမ်၌ ဗီတာမင်ကေ ၁၀၀ မိုက်ခရိုဂရမ်ထိ ပါဝင်ပါသည်။ အသား၊ နို့ထွက်အစာများနှင့် ဥအမျိုးမျိုး ၁၀၀ ဂရမ်တွင် ဗီတာမင်ကေပါဝင်မှုသည် ၁ မိုက်ခရိုဂရမ်မှ ၅၀ မိုက်ခရိုဂရမ်အတွင်း ရှိတတ်ပါသည်။ သစ်သီးများနှင့် ကောက်နှံများ ၁၀၀ ဂရမ်တွင် ဗီတာမင်ကေ ၅၀ မိုက်ခရိုဂရမ်မျှသာ ပါဝင်ပါတယ်။ အစားအစာအမျိုးမျိုးတွင် ဗီတာမင်ကေပါဝင်သည့် ပမာဏကို အောက်တွင်ဖော်ပြထားပါသည်။ 


အစားအစာ ဗီတာမင်ကေ (မိုက်ခရိုဂရမ်)

ဒေါက်ခွ (Spinach)        တစ်ပန်းကန် ၄၀၀


ဆလတ် (Lettuce)        တစ်ပန်းကန် ၂၁၀


ပန်းဂေါ်ဖီစိမ်း (Broccoli)        တစ်ပန်းကန် ၂၀၅


ဂေါ်ဖီထုပ် (Cabbage)        တစ်ပန်းကန် ၁၄၅


ပဲတောင့်စိမ်း        တစ်ပန်းကန် ၄၇


ထောပတ်သီး        တစ်ပန်းကန် ၄၀


ကညွတ် (Asparagus)        တစ်ပန်းကန် ၄၀


မုန်လာဥဝါ (Carrot)        တစ်ပန်းကန် ၄


အာလူး (မီးဖုတ်)၊ အရွယ်လတ်     တစ်လုံး ၄


အမဲသား                ၃ အောင်စ        ၀.၅ ထက်နည်း


လိမ္မော်သီး၊ အရါယ်လတ် တစ်လုံး ၀.၁ ထက်နည်း


ကြက်ဆင်သား        ၃ အောင်စ          ၀.၀၂ ထက်နည်း 


တစ်ပန်းကန်ဆိုသည်မှာ ရေ ၈ အောင်စ (၂၄၀ မီလီလီတာခန့်) ဆန့်သောပန်းကန်ဖြစ်ပါသည်။


ခန္ဓာကိုယ် ဇီဝကမ္မလုပ်ငန်းများအတွက် အသုံးဝင်ပုံ

 ခန္ဓာကိုယ်မှ သွေးယိုသည့်အခါ သဘာဝအလျောက် သွေးခဲရာ၌ အသုံးပြုရသည့် ဓာတုပစ္စည်း (Clotting factors) များ ထုတ်လုပ်ရာတွင် ဗီတာမင်ကေသည် အဓိက အသုံးဝင်ကြောင်း ကာလမြင့်စွာ သိကြပြီးဖြစ်၏။ ယခုအခါ ဗီတာမင်ကေသည် အရိုးများတည်ဆောက်ရာတွင်လည်း အရေးပါသည့် ဗီတာမင်ဖြစ်ကြောင်း သိရှိထားပြီးဖြစ်ပါသည်။


Credit : ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18